တန့်ယန်း ဒီဇင်ဘာ ၇
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့တွင် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်တားဆီးနိုင်ရေးအတွက် အိမ်အပြင်သို့ထွတ်သူတိုင်း နှာခေါင်းစည်း Mask တပ်ဆင် သွားလာ ရေး အသိပညာပေးခြင်း Mask Campaign ကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ် စည်ပင် သာယာစျေးရှေ့၌ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် တားဆီးထိန်းချုပ်ရေးအတွက် မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများသည် တာဝန်ရှိ ဌာနဆိုင်ရာများ ပူးပေါင်းကာ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်တားဆီးရေးအတွက် လမ်းညွှန်ချက်နှင့်အညီ အိမ်အပြင် ထွတ်သူတိုင်း နှာခေါင်းစည်း Mask တပ်ဆင်သွားလာရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း အခမဲ့ ဖြန့်ဝေ ပေးခြင်း Mask Campaign ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)