မြောင်းမြ ဒီဇင်ဘာ ၇
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြောင်းမြမြို့အတွင်းရှိ ဈေးများ၊ သင်္ဘောဆိပ်နှင့် လူစည်ကားရာနေရာများ၌ နှစ်(၁၀၀)ပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များကို ယနေ့ မွန်းတည့် ၁၂ နာရီက ဖြန့်ဝေပေးခဲ့ကြသည်။
အဆိုပါ ၂၀၂၀ပြည့်နှစ်၊ နှစ်(၁၀၀)ပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်စောင်ရေ (၁၀၀၀၀၀)ကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာန (ရုံးချုပ်)က အခမဲ့ထုတ်ဝေခဲ့ခြင်း ဖြစ်သည်။
နှစ်(၁၀၀)ပြည့် အမျိုးသားအောင်ပွဲနေ့ လက်ကမ်းစာစောင်တွင် နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်တို့ မိန့်ခွန်းကောက်နှုတ်ချက်များ၊ အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာခြင်း သမိုင်းကြောင်း၊ နှစ်(၁၀၀)ပြည့် အမျိုးသား အောင်ပွဲနေ့ ဦးတည်ချက်များ ဗြိတိသျှကို ပြဌာန်းသော ကျွန်ပညာရေးဥပဒေ၊ မြင်းမူမောင်နိုင်မိုး၏ အမျိုးသားအောင်ပွဲနေ့ သံန္နဋ္ဌာန်ကဗျာနှင့် အခြားဗဟုသုတဖြစ်ဖွယ် အကြောင်းအရာများ ပါရှိကြောင်း သိရသည်။
စန္ဒာကြည် (မြောင်းမြခရိုင်ပြန်/ဆက်)