ဒီးမော့ဆိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ ဒီးမော့ဆိုမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ရှင်းလင်းတင်ပြ

ဒီးမော့ဆို       ဒီဇင်ဘာ ၇

ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ဒီးမော့ဆိုမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့် ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ရှင်းလင်းတင်ပြခြင်းကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျန်းမာရေးညွှန်ကြားချက်နှင့်အညီ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးပေါလ်ဆိုင်း၊ ကယားပြည်နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးစောဒီးဒီ တို့က အမှာစကား ပြောကြားကြပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်နော်ချောစုက ဒီးမော့ဆိုမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့် ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ၏ လုပ်ငန်းတစ်ခုချင်းစီအား ရှင်းလင်းတင်ပြသည်။

ထို့နောက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းရရှိထားသော ကျေးရွာများမှ အုပ်စုအုပ်ချုပ်ရေးမှူး နှင့် ကျေးရွာ တာဝန်ရှိသူတို့က သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခြင်း၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် လုပ်ငန်းများဆောင်ရွက်ရန် တင်ဒါ အောင်မြင်ထားသော ကုမ္ပဏီများမှ တာဝန်ရှိသူတို့က ပြန်လည်ရှင်းလင်းဖြေကြားခြင်းဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာများမှ ရရှိထားသော ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား  အကျိုးရှိစွာ ဆောင်ရွက်ပေးနိုင်ရေး ပွင့်လင်းမြင်သာစွာ အပြန်အလှန် ဆွေးနွေးကြသည်။

ဒီးမော့ဆိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် အတွင်း ပြည်ထောင်စု၊ ပြည်နယ်၊ ယူနီဆက်၊ မွမ်းမံ ရန်ပုံငွေဖြင့် ဒီးမော့ဆိုမြို့နယ်တွင် ကျေးလက် လယ်ယာကုန်ထုတ်လမ်း (၇) လမ်း၊ တံတား (၂၆) စင်း၊ ရေပေးရေး (၂၀) ခုတို့ကို စုစုပေါင်း ငွေ (၉၃၆.၀၈၈) ကျပ်သန်းဖြင့် တင်ဒါအောင်မြင်ထားသော စိမ်းရွှေဝါ၊ ငွေတောင်ကြီး၊ ULL၊ ဟိန်းဝေစံ၊ မွန်မွန်မြတ်၊ ကယားဂုဏ်ရောင် စသော ကုမ္ပဏီတို့က တာဝန်ယူ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

ကြီးဒဲရယ်