ဟိုပုံး ဒီဇင်ဘာ ၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု၊ ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ဒေသဖွံ့ဖြိုးရေး အဆိုပြုချက် လုပ်ငန်းများ စီမံကိန်းအဆိုပြု လျာထားလုပ်ငန်းများ အတည်ပြု နိုင်ရေးအတွက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ၊ လွှတ်တော် ကိုယ်စား လှယ်များ၊ စီမံကိန်းရေးဆွဲ အကောင် အထည်ဖော်ရေးကော်မတီနှင့် ဌာနဆိုင်ရာများက လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီ အချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ကြကြောင်း သိရသည်။
ရှေးဦးစွာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်စံလွင်က အဖွင့်အမှာစကား ပြောကြားရာတွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ရှမ်းပြည်နယ်၏ ဒေသန္တရစီမံကိန်းလျာထားချက်များတွင် ဟိုပုံးမြို့နယ်အတွင်းရှိ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်စေရေးအတွက် တိုက်ရိုက်အကျိုးပြုမည့် ပညာရေး၊ ကျန်းမာရေး၊ ရေရရှိရေး၊ လမ်းပန်း ဆက်သွယ်ရေး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုး တက်စေရေးအပါအဝင် အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆောက်ရွက် မည့် လုပ်ငန်းများကို မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုး တိုးတက်မှုစီမံကိန်း (MSDP)နှင့်အညီ လျာထားဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသော ဌာနဆိုင်ရာများမှ ပြည်သူ့ ဆန္ဒ၊ ဌာနလိုအပ်ချက်များနှင့် ဒေသဖွံ့ဖြိုးရေးဆောင်ရွက်ချက်များအလိုက် အဆိုပြုလုပ်ငန်းလျာထားစာရင်းများကို ဆွေးနွေး တင်ပြခဲ့ကြသည်။
ဆက်လက်၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်စံလွင်မှ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ဌာန ဆိုင်ရာများက အဓိကဆောင်ရွက်ရတာဖြစ်လို့ ပြည်သူများ လူမူဘဝ ဖွံ့ဖြိုးတိုးတက်အောင် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွား ရန် နိဂုံးချုပ်အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့သည်။
ဟိုပုံး (ပြန်/ဆက်)