တောင်သာ ဒီဇင်ဘာ ၇
မန္တလေးတိုင်းဒေသကြီး တောင်သာမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကြိုတင်ကာကွယ် ထိန်းချုပ်ရေးအတွက် မြို့မ စည်ပင်သာယာဈေးနှင့် မြစည်းခုံဘုရားကြီး ဈေးဝန်းကျင်တွင် ယမန်နေ့နံနက် (၈) နာရီခွဲအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ဒေသခံပြည်သူများအား ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်ဇော်မြင့်နှင့် ဝန်ထမ်းများ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက် ရေးအသင်းဉက္ကဋ္ဌ ဒေါနီဇာလှိုင်နှင့် အသင်းဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များ ပူးပေါင်း၍ ဈေးသွားဈေးလာ ပြည်သူများနှင့် ဒေသခံပြည်သူများအား Surgical Mask (၂၀၀၀) ဖြင့် Mask Campaign ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကျော်မျိုးနိုင်(တောင်သာ)