နွားထိုးကြီးမြို့၌ လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များ ကိုဗစ်-၁၉‌ ရောဂါကာကွယ်ရေး သတ်မှတ်စည်းကမ်း ချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချနိုင်ရေး ကွင်းဆင်းစစ်ဆေး

နွားထိုးကြီး၊ ဒီဇင်ဘာ  ၇

နွားထိုးကြီးမြို့၌ လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များ ကိုဗစ်-၁၉ရောဂါကာကွယ်ရေး သတ်မှတ် စည်းကမ်း ချက်နှင့် အညီ ဖွင့်လှစ်ရောင်းချနိုင်ရန်အတွက် သက်ဆိုင်ရာတာဝန် ရှိသူများ ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီက ကွင်းဆင်းစစ်ဆေးခဲ့သည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် နွားထိုးကြီးမြို့နယ်အတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသော လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များ၌ စားသုံးသူများကို လက်ဆေးရန်နေရာဆောင်ရွက် ထားခြင်း၊ တစ်ဦးနှင့်တစ်ဦးအကြားတွင် ကာရံပေးထားခြင်း၊ ပိုးသတ်ထားသော ပန်းကန်၊ ဇွန်း များစီစဉ်ထာခြင်း၊ ကိုဗစ်-၁၉ ရောဂါကွယ်ရေးနှင့် ပတ်သက်သည့် အသိပညာပေး ပိုစတာ၊ဗွီနိုင်းများ ကပ်ထားခြင်းများ စီစဉ်ထားရှိနိုရေးအတွက် မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊စည်ပင်သာ ယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်ဦးစီးဌာနတို့မှ သက်ဆိုင်ရာ တာဝန်ရှိသူ များက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

နွားထိုးကြီးမြို့ရှိ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်များတွင် ဆိုင်ထိုင်စားသောက် ရောင်းချရန်(A)  အဆင့်ဖြင့် ညွန်ကြားထားပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြား  ထားသေား သတ်မှတ်စည်းကမ်း ချက်များနှင့် အညီ ပြင်ဆင်ဆောင်ရွက်သွားရန်နှင့်လိုက်နာဆောင်ရွက်ပြီးစီးမှုအား ထပ်မံစစ်ဆေး၍ သတ်မှတ်စည်းကမ်းချက်များကို  လိုက်နာမှုရှိမှသာ ဖွင့်လှစ်ရောင်း ချခွင့်ပြုသွားမည်ဖြစ်ကြောင်းသိရသည်။

သန်းအောင်ဇော်