ကျိုင်းလပ်မြို့၌ အသက် ၂လမှ ၁နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ် ဆေးတိုက်၊ ဆေးထိုးပေးခြင်းဆောင်ရွက်

ကျိုင်းလပ် ဒီဇင်ဘာ ၇

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ပေါ်နှင့် ကျာခမ်းကျောက် ကျေးရွာအုပ်စု အတွင်းရှိ အသက် ၂လမှ ၁နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ် ဆေးတိုက်၊ ဆေးထိုးပေးခြင်းကို ယနေ့နံနက်ပိုင်းက နမ့်ငေါ့ ကျေးလက် ကျန်းမာရေးဌာနခွဲ၌ ဆောင်ရွက်ခဲ့သည်။

ထိုသို့ ပုံမှန်ကာကွယ်ဆေးတိုက်၊ ဆေးထိုးပေးခြင်းကို ကျိုင်းလပ်မြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ နမ့်ငေါ့ ကျေးလက် ကျန်းမာရေးဌာနခွဲမှ သွားဖွားဆရာမ ဒေါ်နန်းကွမ်လှိုင်း က ဦးဆောင်၍ ကျန်းမာရေးကြီးကြပ်-၂ ဒေါ်ဟန်သူဇာမောင်နှင့် စေတနာ့ဝန်ထမ်းက မြို့ပေါ်ရပ်ကွက်နှင့် ကျာခမ်းကျောက်ကျေးရွာအုပ်စုရှိ အသက် ၂လမှ ၁နှစ်ခွဲအောက် ကလေးငယ်များအား ပေါင်ချိန် ပေးခြင်း၊ bcg ကာကွယ်ဆေး၊ penta ပြင်းထန်အဆုတ်ရောင်ကာကွယ်ဆေး၊ pcv ငါးမျိုးစပ် ကာကွယ်ဆေး၊ ပိုလီယိုကာကွယ်ဆေး၊ opv ပိုလီယိုအစက်ချကာကွယ်ဆေး၊ ဝက်သက်-ဂျိုက်သိုး ကာကွယ်ဆေးတိုက်၊ ဆေးထိုးပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ နမ့်ငေါ့ကျေးလက်ကျန်းမာရေးဌာနခွဲမှ သွားဖွားဆရာမ ဒေါ်နန်းကွမ်လှိုင်း က အထက်ဖော်ပြပါ ကာကွယ်ဆေးအားလုံးကို ကလေးငယ်များအား သတ်မှတ်ထားသောအကြိမ်နှင့် သတ်မှတ်ထားသောအရွယ်တွင် ဆေးတိုက်၊ ဆေးထိုး ပေးနိုင်မှသာလျှင် ရောဂါများကာကွယ် ပေးနိုင်မည်ဖြစ်ကြောင်းနှင့် ကျန်းမာရေး အသိပညာပေးခြင်းများကို ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျော်ဇေယျာလင်း (ပြန်/ဆက်)