Tech Age Girls Myanmar (TAG) 2021 Online သင်တန်းဖွင့်လှစ်ရန် (TAG) Project မိတ်ဆက် အခမ်းအနားကျင်းပ

မြောင်းမြ  ဒီဇင်ဘာ

Myanmar Book Aid  and Preservation Foundation (MBAPF) မှ ကြီးမှူး ကျင်းပသော Tech  Age  Girls  Myanmar  (TAG) 2021    Online သင်တန်းဖွင့်လှစ်ရန် (TAG)  Project မိတ်ဆက်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက Online မှ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် Myanmar   Book   Aid  and  Preservation  Foundation (MBAPF) Executive  Director Dr သန့်သော်ကောင်း မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီးTech Age Girls Myanmar(2018-2019) Project Manager ဆရာမ စန္ဒာချစ်ပို မှ ယခင်နှစ်များ၏ အတွေ့အကြုံများကို ပြန်လည်ဝေမျှ ပြောကြားခြင်း၊ Tech  Age  Girls  Myanmar(TAG) 2021 Project Manager ဒေါ်ပိုးအိဇာမှ စီမံကိန်းအကြောင်းများကို အကျယ်တဝင့်ရှင်းလင်း တင်ပြခဲ့ပါသည်။

မိတ်ဆက်ပွဲ အခမ်းအနားသို့ တိုင်းဒေသကြီးအသီးသီးရှိ စာကြည့်တိုက်(၃၃)တိုက်မှ စာကြည့်တိုက် တာဝန်ခံနှင့် သင်တန်းသား (၅၀)ဦး တက်ရောက်ခဲ့သည်။

Tech Age Girls Myanmar (TAG) 2021 Online သင်တန်းကို ဒီဇင်ဘာလ (၂၄)ရက်နေ့မှ (၂၈)ရက်နေ့အထိ ()ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

(ခရိုင်ပြန်/ဆက်)