ပင်းတယမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များ ဖြန့်ဝေ

ပင်းတယ ဒီဇင်ဘာ ၇

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့တွင် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် သတင်းစကားလက်ကမ်းစာစောင် အတွဲ(၄)၊ အမှတ် (၇)ကို ပင်းတယမြို့၊ မြို့မဈေး၌ ယနေ့ နံနက်ပိုင်း က   ဖြန့်ဝေပေးခဲ့သည်။

အဆိုပါစာစောင်တွင် နှစ်တစ်ရာပြည့် အမျိူးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ စာရေးဆရာ မြင်းမူမောင်နိုင်မိုး ရေးသားသည့် အမျိုးသားအောင်ပွဲနေ့ သန္နိဋ္ဌာန်ကဗျာ၊ အမျိုးသားအောင်ပွဲနေ့သမိုင်းကြောင်းနှင့် ပညာရေးမြင့်တင်မှုဆိုင်ရာများ စသည့် ဗဟုသုတ ဆိုင်ရာများပါဝင်ပြီး၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ခံထုတ်ဝေသည့် သတင်းစကားလက်ကမ်း စာစောင်များကို ပင်းတယမြို့၊ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက အများပြည်သူအသိပညာတိုးပွားစေရန်အတွက်  ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ပင်းတယ (ပြန်/ဆက်)