မော်လမြိုင်ကျွန်းမြို့နယ်၌ ကိုဗစ်ရောဂါပိုးတွေ့ရှိသူ ၄၁ ဦးကျန်းမာရေးကောင်းမွန်၍ ဆေးရုံမှဆင်း

မော်လမြိုင်ကျွန်း   ဒီဇင်ဘာ  ၇

မော်လမြိုင်ကျွန်းမြို့နယ်ခုတင် ၁ဝဝ ဆေးရုံကြီးနှင့်မြို့နယ် တိုင်းရင်းဆေးရုံ (အရန်ဆေးရုံ)၊ ဒေါ်မေမေစိန် ဗိမာန်(ယာယီဆေးရုံ) တို့တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ လူနာများထဲမှ ယနေ့ နေလယ်ပိုင်းတွင် ကျန်းမာရေးကောင်းမွန်သဖြင့်( ၁၇) ရက်သားအရွယ် ကလေးငယ်တစ်ဦး အပါအဝင် ဆေးရုံမှ ၄၁ ဦးဆင်းခွင့်ရရှိပြီး ဆေးရုံဆင်းခွင့် ရရှိသူများ အားလုံးကျန်းမာရေး ကောင်းမွန်လျက်ရှိသည်။

အဆိုပါဆေးရုံဆင်းသူများအား မြို့နယ်အုပ်ချုပ်ရေးမှူဦးဇင်မင်းဌေးနှင့် ကော်မတီဝင်များက သွားရောက် ကြိုဆို အားပေးကြပြီး မြို့နယ် ဆရာဝန်ကြီးဒေါက်တာစန်းဝင်းက ဆေးရုံဆင်းလက်မှတ်  ပေးအပ်ခဲ့ကာ မိမိနေအိမ် တွင်           Stay at   Home  နေရမည့်စည်းကမ်းချက်များကို ရှင်းလင်းပြောကြားပြီး ဆေးရုံဆင်းသူများအား မြို့နယ် ကြက်ခြေနီ အသင်းမှ အိမ်တိုင်ရာ ရောက်လိုက်လံပို့ဆောင်ပေးခဲ့သည်။

ယနေ့ န့နက်ပိုင်းအချိန်ထိမြို့နယ်တွင် ကိုဗစ်-၁၉  ရောဂါပိုးတွေ့ ရှိသူကျား၊မပေါင်း ( ၃၆၉  ) ဦးရှိပြီး မြို့နယ်ခုတင် ၁ဝဝ ဆေးရုံကြီး၊ တိုင်းရင်းဆေးရုံနှင့် ဒေါ်မေမေစိန်ဗိမာန် ယာယီဆေးရုံတို့တွင် ကုသဆဲလူနာ(၇၁)ဦးသာကျန်ရှိပြီး လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုများဖြင့် ကုသပေးလျက်ရှိသည်။ ကုသဆဲ လူနာများမှာ ကျန်းမာရေးကောင်း မွန်လျက်ရှိကြသည်။ မြို့နယ်တွင်ကျန်းမာရေးကောင်းမွန်စွာဆေးရုံဆင်းသူ အသက်အရွယ်ကြီးသူ ကလေးငယ် များအပါအဝင်  ကျား၊ မ စုစုပေါင်း၂၉၇ ဦးရှိပြီးအမျိုးသားတစ်ဦး ရောဂါအခံကြောင့် သေဆုံးခဲ့ပါကြောင်း သိရှိရသည်။

သီတာအောင်(ပြန်ဆက်)