လွိုင်ကော် မတ် ၈
ကယားပြည်နယ်/ ခရိုင် /မြို့နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များသို့ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများ ရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ကယားပြည်နယ် အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ် ပည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အဖွင့်အမှာစကား ပြောကြားရာတွင် ပြည်နယ်/ ခရိုင်/ မြို့နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များသည် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်အညီ ဖွဲ့စည်းထားခြင်းဖြစ်ပါကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများကို ကောင်းစွာသိရှိနားလည်ပြီး ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ စနစ်တကျဆောင်ရွက်နိုင်ရန်နှင့် အများပြည်သူမှ ဥပဒေနှင့် စပ်လျဉ်း၍ ကျယ်ကျယ်ပြန့်ပြန့်သိရှိအောင် ဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့၊ အတွင်းရေးမှူးက ပြည်သူ့စစ်မှူးထမ်း ဥပဒေ၊ နည်းဥပဒေ ပြဋ္ဌာန်းချက်များအား power point ဖြင့် ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသည့် ပြည်နယ်/ ခရိုင်/ မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး အဖွဲ့ဝင်များက သိရှိလိုသည်များအား မေးမြန်းခြင်းများအပေါ် ပြန်လည်ဖြေကြား ဆောင်ရွက်ခဲ့သည်။ ထို့နောက် ပြည်နယ်ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ ၊ ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)