မြစ်ကြီးနားမြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်စည်း (Mask) တပ်ဆင်ရေး လှုပ်ရှားမှုဆောင်ရွက်

မြစ်ကြီးနား  ဒီဇင်ဘာ ၇

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ကိုဗစ်- ၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်စည်း (Mask)တပ်ဆင်ရေး လှုပ်ရှားမှုကို ယနေ့နံနက် ၇ နာရီခွဲက မြစ်ကြီးနားမြို့ ရှိ ဇီးလွန်ရပ်ကွက် ဈေးတို့တွင် ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ကချင်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၏ လမ်းညွှန်မှုဖြင့် ပြည်နယ်ကြက်ခြေနီ တပ်ဖွဲ့မှ ဦးစီးမှူး(တတိယ)တန်း ဦးဝင်းဇော်ထွန်း ဦးဆောင်၍ ကြက်ခြေနီ စေတနာလုပ်အားရှင်များ၊ ယခင် ကြက်ခြေနီတပ်ဖွဲ့ဝင်ဟောင်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်မိ/ရပ်ဖများက နေအိမ်ပြင်ပထွက်ခွာရာတွင် နှာခေါင်းစည်းများ တပ်ဆင်စေရန် အသိပညာပေး ခြင်း၊ ဈေးရောင်း/ ဈေးဝယ်များ၊ လမ်းသွား/ လမ်းလာ ပြည်သူများအား နှာခေါင်းစည်းအခု (၁၅၀၀)တို့အား အခမဲ့ဖြန့်‌ဝေပေးခဲ့ကြသည်။

စိန်ဝင်း(ပြန်/ဆက်)