COVID-19 ရောဂါတားဆီးကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်

 

ညောင်ရွှေ     ဒီဇင်ဘာ   ၇

ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ်၌ Coronavirus Disease 2019 (COVID-19) အသက်ရှူ လမ်းကြောင်း ဆိုင်ရာရောဂါ ကူးစက်ပြန့်ပွားမှု တားဆီး ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန် အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နေ့စဉ် ညောင်ရွှေမြို့အတွင်းသို့ ဖြတ်သန်းဝင်ရောက်လာသူများအား ကိုယ်အပူချိန်တိုင်းတာ ၍ ကျန်းမာရေး စစ်ဆေးခြင်း၊ ခရီးသွားရာ ဇဝင်စီစစ်ခြင်း၊ သက်ဆိုင်ရာ ဒေသအလိုက် ထောက်ခံစာ များစိစစ်ခြင်း၊ နှာခေါင်း စည်းမျက်နှာဖုံး မက်(စ်) တပ်ဆင်ခြင်းမရှိသူများကို ဒဏ်တပ်အရေးယူခြင်း၊ ခိုင်လုံသည့်အထောက်အထား ပြသနိုင်ခြင်းမရှိသူများကို မြို့အတွင်းဖြတ်သန်း ဝင်ရောက်ခွင့်မပြု ခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာများ၊ ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ၊ အရပ်ဖက် လူမှုအဖွဲ့အစည်းများ ပါဝင်သော ပူးပေါင်းအဖွဲ့များဖြင့် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

စိုင်းအယ်ဘဲ