ညောင်ရွှေ ဒီဇင်ဘာ ၇
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ် ကြက်ခြေနီတပ်ဖွဲ့သည် လတ်တလောကူးစက်ဖြစ်ပွားနေသည့် Coronavirus Disease 2019 (COVID-19) အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကူးစက်ပြန့်ပွားမှု တားဆီးကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများတွင် တက်ကြွစွာ ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ (၇)ရက် နံနက်ပိုင်းက မြို့နယ်ကြက်ခြေနီအသင်း ဒုတိယဥက္ကဋ္ဌ ဒေါ်နီနီဝင်း ဦးဆောင် သော တပ်ဖွဲ့ဝင်မောင်မယ်များသည် မိုင်းသောက်ကျေးရွာ (မိုင်းသောက် ယာယီဈေး)၌ ဒေသခံပြည် သူများနှင့် ဈေးသည်များ၊ ဈေးဝယ်လာသူများအား ပါးစပ်နှင့် နှာခေါင်းစည်းမျက်နှာဖုံး Mask စနစ် တကျတပ်ဆင်အသုံးပြုရေး Mask Campaign ပြုလုပ်ခဲ့ ကြောင်း သိရှိရသည်။
စိုင်းအယ်ဘဲ