နမ့်ဆန် ဒီဇင်ဘာ ၈
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၌ ဒီဇင်ဘာ(၉)ရက်နေ့တွင် ကျရောက်မည့် ၂၀၂၀ ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်ကို ယနေ့နံနက် က ပြည်သူများသို့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဖြန့်ဝေရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် ၂၀၂၀ ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင် အတွဲ(၄)၊ အမှတ်(၇) စောင်ရေ (၂၅၀)ကို မင်္ဂလာရပ်ကွက်ရှိ နံနက်ခင်းဈေးတွင်လည်းကောင်း၊ နမ္မဝေါရပ်ကွက်ရှိ မိဘပြည်သူများတို့ကိုလည်းကောင်း၊ ဌာနဆိုင်ရာရုံးများ တွင် လည်းကောင်း နမ့်ဆန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက သွားရောက် ဖြန့်ဝေပေး ခဲ့ကြသည်။
ကိုအောင်မိုး (ရွှေဖီမြေ)