အိမ်မဲ ဒီဇင်ဘာ ၈
ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ်တွင် ကိုဗစ်(၁၉)ရောဂါကြိုတင်ကာကွယ်ရေးအတွက် မြို့မစျေးကြီးနှင့်စျေးပတ်ဝန်းကျင်၌ ပါးစပ်နှာခေါင်းစည်းနှင့် Face Shield Campaign ပြလုပ်ခြင်းကို ယနေ့နံနက် ၇ နာရီကဆောင်ရွက်ခဲ့ကြောင်းသိရသည်။
"အိမ်မဲမြို့နယ်အတွင်းမှာ ကိုဗစ်(၁၉)ရောဂါကြိုတင်ကာကွယ်ရေးအတွက်ပါးစပ်နှာခေါင်းစည်းနဲ့ Face Shield များကို အခမဲ့ဖြန့်ဝေနေတာပါ။ နောက်ပြီး မြို့မစျေးကြီးထဲမှာ ရောင်းချနေတဲ့ စျေးဆိုင်တွေကိုလည်း သတ်မှတ်ချက်များနဲ့အညီ ရောင်းချခြင်း ရှိ/မရှိကိုလည်း စစ်ဆေးသွားတာပါ။ ကျွန်တော်တို့အနေနဲ့ ဒီလိုမျိုး Campaign ပြုလုပ်ခြင်းကို ကိုဗစ်(၁၉)ရောဂါ ကြိုတင်ကာကွယ်ရန် အပတ်စဉ် စဥ်ဆက်မပြတ် ဆောင်ရွက်နေတာပါ” လို့ အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမင်းသူကပြောသည်။
ယင်းလုပ်ငန်းများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့နှင့် တာဝန်ရှိသူများက ပါးစပ်နှာခေါင်းစည်း(၄၀၀)ခုနှင့် Face Shield (၃၀၀)ခုတို့ကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)