မြစ်ကြီးနားမြို့နယ်အတွင်း စားသောက်ဆိုင်များအား ရှောင်တခင် ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား     ဒီဇင်ဘာ  ၈   

မြစ်ကြီးနားမြို့နယ်အတွင်းရှိ စားသောက်ဆိုင်များအား သတ်မှတ်စည်း ကမ်းချက်များ နှင့်အညီ ပြင်ဆင်ဆောင်ရွက်ထားရှိမှုရှိ/မရှိ မြို့နယ်ကိုဗစ် - ၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင်များက ယမန်နေ့မွန်းလွဲ ၁ နာရီက ရှောင်တခင် ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။

မြို့နယ်ကိုဗစ်- ၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များက ဖွင့်လှစ်ရောင်းချနေပြီဖြစ်သည့် စားသောက်ဆိုင်များအား စားသောက်ဆိုင်များအနေဖြင့် ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ပြင်ဆင်ဆောင်ရွက်ထားရှိမှု ရှိ/မရှိနှင့် သတ်မှတ်စည်းကမ်းချက်များအား လိုက်နာခြင်းမရှိဘဲ ဖွင့်လှစ်နေသည့် စားသောက်ဆိုင်များအား ပြန်လည်ပိတ်ခိုင်းခြင်းမျိုး ဆောင်ရွက်သွားရန် ကွင်းဆင်းစစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်းနှင့် ဖွင့်လှစ်ရန်ပြင်ဆင် နေသည့် စားသောက်ဆိုင်များအား ထုတ်ပြန်ထားသည့် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ရန်နှင့် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်းသိရှိရသည်။

ယော်ဆောင်(ပြန်/ဆက်)