တီးတိန် ဒီဇင်ဘာ ၈
ချင်းပြည်နယ်၊ တီးတိန်မြို့ပြည်သူ့ဆေးရုံ၌ ကိုဗစ်- ၁၉ ပိုးတွေ့အတည်ပြုလူနာ Case- 95143 ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။
အဆိုပါပိုးတွေ့အတည်ပြုလူနာသည် တီးတိန်မြို့နယ်၊ တွီးထန်ကျေးရွာနေ အသက် (၂၉)နှစ်အရွယ် အမျိုးသားဖြစ်ပြီး၊၄င်းမှာ အိန္ဒိယနိုင်ငံမှ ပြန်လာ၍ တီးတိန်မြို့အစိုးရနည်းပညာ အထက်တန်းကျောင်း Facility Quarantine Center ၌ အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ရှု ထားသူဖြစ်သည်။
တီးတိန်မြို့ပြည်သူ့ဆေးရုံတွင် ယခု လတ်တလောအချိန်၌ ကိုဗစ် -၁၉ ပိုးတွေ့အတည်ပြုလူနာ အမျိုးသား(၃)ဦး ဆေးကုသမှုခံယူ နေဆဲဖြစ်ကြောင်း၊ ၄င်းတို့၏ ကျန်းမာရေး အခြေအနေ ကောင်းမွန်လျက်ရှိကြောင်း တီးတိန်မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။
ပေါင်ကျင့်မုန်(ပြန်/ဆက်)