ငပုတော ဒီဇင်ဘာ ၈
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ဆင်ကူးကြီးကျေးရွာတွင် ယခုလ ၆ ရက်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့သည့် မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် နေအိမ်၁၈လုံးမှအိမ်ထောင်စု ၁၈ စုအတွက် တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ပစ္စည်းများနှင့် ရန်ပုံငွေများပေးအပ်ခြင်းကို အဆိုပါကျေးရွာ၌ ယမန်နေ့ ည ၇ နာရီက ပြုလုပ်ခဲ့သည်။
ကယ်ဆယ်ရေးပစ္စည်းများနှင့် ရန်ပုံငွေများကို ထောက်ပံ့ပေးအပ်ရာတွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ငပုတောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ မီးဘေးသင့်အိမ်ထောင်စု ၁၈ စုအတွက် ကယ်ဆယ်ရေးပစ္စည်း ၁၇ မျိုးပါပုံး ၁၈ ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးငွကျပ် ၃,၆၀၀,၀၀၀၊ ဆန်ရိက္ခာ ၇ ရက်စာ ရန်ပုံငွေကျပ် ၁၆၈,၀၀ဝ တို့အား မီးဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ပေးအပ်ခဲ့ပြီး ဆုံးရှုံးမှုများအတွက် ထောက်ပံ့ပေးအပ်ခဲ့သော ရန်ပုံငွေစုစုပေါင်း တန်ဖိုးမှာ ၃၇၆၈,၀၀ဝ ကျပ်ဖြစ်ကြောင်း သိရသည်။
ဆင်ကူးကြီးကျေးရွာ မီးလောင်မှုကြောင့် နေအိမ် ၁၈ လုံးပျက်စီးဆုံးရှုံးခဲ့ပြီး မီးဘေးသင့်ပြည်သူ ၈၀ ဦးရှိကာ ပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာ ငွေကျပ် ၃၂,၆၄၅,၇၀၀ ရှိခဲ့ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)