မံစီ ဒီဇင်ဘာ ၈
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်အတွင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကာကွယ်ဆေးထိုး၊ ဆေးတိုက်အစီအစဉ်များကို ပုံမှန်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီက မံစီမြို့တော်ခန်းမ၌ အသက် ၂ လ မှ ၆ လအရွယ် ကလေးငယ်များကို ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါများဖြစ်ပွားနေ့သည့် ကာလဖြစ်သည့်အတွက် ကာကွယ်ဆေးထိုး၊ ဆေးတိုက် လုပ်ငန်းများကို နေရာအကျယ်အဝန်းရှိသည့် ခန်းမဆောင်များ၌ ဆောင်ရွက်လျက်ရှိ နေကြောင်း၊ လစဉ် (၇) ရက်နေ့တွင် အသက် (၂) လ မှ (၆) လအရွယ် ကလေးငယ်များကို လည်းကောင်း၊ (၈) ရက်နေ့တွင် အသက် (၉) လအရွယ်မှ (၁) နှစ်ခွဲအရွယ် ကလေးငယ်များကို လည်းကောင်း ပုံမှန်ထိုးနှံ တိုက်ကျွေးလျက်ရှိနေပြီး ကိုယ်ဝန်ဆောင်မိခင်များကိုမူ မြို့နယ်မိခင် နှင့်ကလေး ကျန်းမာရေးဌာန၌ နေ့စဉ်ပုံမှန် ထိုးနှံတိုက်ကျွေး ပေးလျက်ရှိနေကြောင်း မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ရိန် (ပြန်/ဆက်)