တန်ပိုစစ်ဆေးရေး ကတ္တားဂိတ် (Weight Bridge) အတွင်း လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေကို ကြည့်ရှုစစ်ဆေး

မံစီ        ဒီဇင်ဘာ      ၈

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့ ကောင်ရာရပ်ကွက်  (မန္တလေး-လားရှိုး-ဗန်းမော်-မြစ်ကြီးနား) ပြည်ထောင်စုလမ်းမကြီး ဆိုင်ဝမ်ကထောင် တန်ပိုစစ်ဆေးရေး ကတ္တားဂိတ် (Weight Bridge)တွင် လမ်းမကြီးပေါ် ဖြတ်သန်းသွားလာမည့်မော်တော်ယာဉ်များ သတ်မှတ် ကုန်တင်တန်ချိန်ထက် ကျော်လွန်၍ တင်ဆောင်မောင်းနှင်ခြင်း မပြုစေရေးအတွက် မြို့နယ်လမ်းဦးစီးဌာနမှ စစ်ဆေးအရေးယူ ဆောင်ရွက် လျက်ရှိရာ ယမန်နေ့ နေ့လယ် ၁၁ နာရီခွဲက ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးထွန်းတင်၊ ပြည်နယ်စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးဝေလင်းတို့နှင့် တာဝန်ရှိသူများလာရောက်ကြည့်ရှု စစ်ဆေးခဲ့ကြကြောင်းသိရသည်။

လုပ်ငန်းများစစ်ဆေးရာတွင် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌတို့နှင့်အတူ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ကိုကို၊ ဗန်းမော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်း၊ ခရိုင်အုပ်ချုပ်ရေးမှူးဦးထွေးမြင့်နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊  မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ခေါင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါခဲ့ကြကြောင်း သိရသည်။

တန်ပိုယာဥ်များဖြတ်သန်းသွားလာခြင်းမပြုရန်အတွက် နိုဝင်ဘာ ၁၁ ရက်နေ့က စတင်၍  အသိပညာပေးခြင်း၊ ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက် လျက်ရှိပြီး သတ်မှတ်ကုန်တင်ချိန်ထက် ကျော်လွန်၍ တင်ဆောင်မောင်းလာသည့် မော်တော်ယာဉ်များကို နိုဝင်ဘာ ၂၅  ရက်နေ့ ကစတင်၍ လမ်းမကြီးများ ဥပဒေအရ အရေးယူ ဆောင်ရွက်လျက်ရှိနေကြောင်း၊ အဆိုပါ တန်ပိုစစ်ဆေးရေး ကတ္တားဂိတ် (Weight Bridge) ကို (၂၀၁၉-၂၀၂၀)ဘဏ္ဍာရေးနှစ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေ ကျပ်(၇၉ ဒသမ ၆၀၀)သန်းဖြင့် စက်တင်ဘာ ၉ ရက်နေ့ကစတင် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ရိန် (ပြန်/ဆက်)