သရက်ချောင်းမြို့၌ Shopping Method ဖြင့် တည်ဆောက်ရေး လုပ်ငန်းသုံး ပစ္စည်းများ ရွေးချယ်ဝယ်ယူခြင်း အခမ်းအနား ကျင်းပ

သရက်ချောင်း ဒီဇင်ဘာ ၈

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ကျင်းပ ပြုလုပ်သော ၂၀၂၀-၂၀၂၁ခု၊ ဘဏ္ဍာရေးနှစ်တွင်ဆောင်ရွက်မည့် ကျေးလက်ရေပေးရေး လုပ်ငန်းသုံးပစ္စည်းများအား ဒေသ လုပ်ငန်းရှင်များမှ လုပ်ငန်းခွင်အရောက် အဆိုပြု ဈေးနှုန်းများတင်သွင်းပြီး ပစ္စည်းများ ရွေးချယ်ဝယ်ယူခြင်း (Shopping Method) အား ပွင့်လင်းမြင်သာစွာဆောင်ရွက်မှုကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံး အစည်းအဝေးခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝေဝေလွင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းထွန်း နှင့် ထားဝယ် ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာရုံးမှ ခရိုင်ဦးစီးမှူး ဦးစိုးလင်း တို့က အမှာစကားအသီးသီးပြောကြားခဲ့ ကြသည်။

ဆက်လက်၍ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာရုံးမှ မြို့နယ်ဦးစီးမှူး ဦးသန်းအောင်ထွန်း က ပစ္စည်းဝယ်ယူမှု ဈေးနှုန်းစိစစ်ရွေးချယ်ခြင်း (Shopping Method) လုပ်ငန်း နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်အတွင်း မွမ်းမံ ခွင့်ပြု ရန်ပုံငွေဖြင့်ဆောင်ရွက်မည့် ကျပ်သိန်း(၁၀၀)အောက် ကျေးလက်ရေပေးရေး လုပ်ငန်းများ အတွက် ပစ္စည်းဝယ်ယူမှုအား ဈေးနှုန်းစိစစ်ရွေးချယ်ခြင်းဖြစ်ကြောင်း၊ ဒေသလုပ်ငန်းရှင်များမှလည်း မိမိ ဒေသဖွံ့ဖြိုးရေးအတွက် ဝိုင်းဝန်းလုပ်ဆောင်ပေးပါက အောင်မြင်မည်ဟုမျှော်လင့်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသော လုပ်ငန်းရှင်များမှ သရက်ချောင်းမြို့နယ်ရှိ ကနက်သီရိကျေးရွာနှင့် မြန်မာပအော့ကျေးရွာ တို့တွင်ရေပိုက်သွယ်တန်းခြင်းလုပ်ငန်း၊ လက်တွင်းရေတူးခြင်း လုပ်ငန်းများ အတွက် ပစ္စည်းများ ‌ရွေးချယ်ဝယ်ယူခဲ့ကြ ကြောင်း သိရသည်။

သရက်ချောင်း