မော်လမြိုင်ကျွန်း ဒီဇင်ဘာ ၈
မော်လမြိုင်ကျွန်းမြို့နယ်၊ အောက်မအူတုံးကျေးရွာအုပ်စု၊ ကုန်းတန်းရွာသစ်ကျေးရွာ၌ ဒီဇင်ဘာလ ၆ ရက်နေ့၊ ည ၁၀ နာရီအချိန်ခန့်က မီးဖိုမီးကြွင်းမီးကျန်မှတဆင့် နေအိမ်မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သော နေအိမ် ၁ လုံး၊ အိမ်ထောင်စု ၁ စုမှ ဘေးသင့်ပြည်သူ ၃ ဦးအား ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ညနေ ၅ နာရီအချိန်က ဘေးသင့်ပြည်သူ လက်ဝယ် အရောက် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့သည်။
အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇင်မင်းဌေးနှင့် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ဇာဇာလင်းနှင့် တာဝန်ရှိသူများက ကယ်ဆယ်ရေးပစ္စည်း ၁၇ မျိုးပါ ၁ပုံး၊ အိမ်ဆောက် ပစ္စည်းဘိုး ၁၀၀၀၀၀ ကျပ်နှင့် ဆန်ရိက္ခာ ၇ ရက်စာဘိုး ၆၃၀၀ ကျပ်၊ စုစုပေါင်း ၁၀၆၃၀၀ ကျပ်အား မီးလောင်မှုဖြစ်ပွားခဲ့သော ကုန်းတန်းရွာသစ်ကျေးရွာသို့ သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်အောင်(ပြန်/ဆက်)