ပုလော ဒီဇင်ဘာ လ ၈
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နှစ် (၁၀၀) ပြည့် အမျိုးသား အောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင် အတွဲ(၄)၊ အမှတ်(၇)ကို ယနေ့ နံနက် ၇ နာရီက ဖြန့်ဝေပေးခဲ့သည်။ အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်၊ အမျိုးသားအောင်ပွဲနေ့ သန္နိဌာန်ကဗျာ၊ အမျိုးသားနေ့သမိုင်းကြောင်း၊ ဗြိတိသျှတို့ ပြဌာန်းသော ကျွန်ပညာရေး ဥပဒေ၊ ရန်ကုန် ယူနီဗာစီတီ အက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဌာန်ပြုကြသော ကျောင်းသားကြီး (၁၁)ဦး၊ (၉၉) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦး၀င်းမြင့် ထံမှပေးပို့သည့် သ၀ဏ်လွှာမှ ကောက်နုတ်ချက်နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ တက္ကသိုလ်များ ဖွံ့ဖြိုး တိုးတက်မှု နှီးနှောဖလှယ်ပွဲ၌ ပြောကြားသည့် မိန့်ခွန်း ကောက်နုတ်ချက်များပါ၀င်သည်။ လက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက တာ၀န်ခံ ထုတ်ဝေခြင်းဖြစ်ပြီး အများပြည်သူ အသိပညာ တိုးပွားစေရန် ရည်ရွယ်၍ ပုလောမြို့နယ် စည်ပင်သာယာစျေးနှင့် ယာယီပျံကျစျေး၊ ကားဂိတ်များ၊ လက်ဖက်ရည်ဆိုင်များတွင် ဖြန့်ဝေပေးခဲ့သည်။
အေးအေးမော်(ပုလော ပြန်/ဆက်)