ဝါးခယ်မမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များ အခမဲ့ဖြန့်ဝေ

ဝါးခယ်မ  ဒီဇင်ဘာ

ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် မျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင် အတွဲ() အမှတ်()ကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက လူစည်ကားရာ နေရာများတွင် ယနေ့နံနက် ၁၀ နာရီက အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ လက်ကမ်းစာစောင်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်ပြောကြားသည့် မိန့်ခွန်းမှ ကောက်နုတ်ချက်ဖြစ်သည့် ပညာရေးမြှင့်တင်မှု၊ (၉၉)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားသို့ နိုင်ငံတော် သမ္မတဦးဝင်းမြင့်ထံမှ ပေးပို့သည့် သဝဏ်လွှာ ကောက်နုတ်ချက်ဖြစ်သည့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု၊ နှစ်တစ်ရာပြည့် အမျိူးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ ဗြိတိသျှတို့ပြဌာန်းသော ကျွန်ပညာရေးဥပဒေ၊ အမျိုးသား အောင်ပွဲနေ့ သမိုင်းကြောင်း၊ မြင်းမူ မောင်နိုင်မိုး ရေးစပ်သီကုံးသည့် အမျိုးသားအောင်ပွဲနေ့ သန္နိဌာန်ကဗျာ ဖော်ပြချက်များ၊ အထိမ်းအမှတ် ဆောင်ပုဒ်များ ပါဝင်ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးထုတ်ဝေထားသည့် မျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များကို မြို့မဈေးနှင့် လူစည်ကား ရာနေရာများ၊ ဌာနဆိုင်ရာများတွင် ဝါးခယ်မ မြို့နယ် ဦးစီးမှူးနှင့် ၀န်ထမ်းများမှ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

စောသန္တာဦး(ပြန်/ဆက်)