ကယားပြည်နယ် လွိုင်ကော်မြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်း အဝေးကျင်းပ

လွိုင်ကော် မတ် ၁၅

၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ဌာနဆိုင်ရာအသီးသီးအနေဖြင့် မိမိတို့သက်ဆိုင်ရာ ကဏ္ဍအလိုက် တက္ကသိုလ်ဝင်တန်း စာမေးပွဲစတင်ဖြေဆိုသည့်ရက်မှ ပြီးဆုံးသည့်ရက်အထိ လုပ်ငန်းတာဝန်များကို စနစ်တကျ ဆောင်ရွက်ကြရန်၊ စာမေးပွဲဖြေဆိုစဉ်ကာလအတွင်း ကျောင်းသားကျောင်းသူများအားလုံး စိတ်အေး ချမ်းသာစွာ အခက်အခဲမရှိ ဝင်ရောက်ဖြေဆိုနိုင်ရေး တာဝန်ယူဆောင်ရွက်သွားကြရန် စသည်ဖြင့် အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ပညာရေးမှူး ဒေါ်တင်တင်အေးက စာစစ်ဌာနများ၌ စာမေးပွဲဖြေဆိုနိုင်ရေး ကြိုတင်ပြင်ဆင်ထားရှိမှု၊ ကြီးကြပ်မည့် ဆရာဆရာမများ တာဝန်ချထားမှုအခြေအနေ၊ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသူကျောင်းသားများ အခြေအနေများစသည့် ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ပြည်နယ်ရဲတပ်ဖွဲ့မှူး၊ ပြည်နယ်မီးသတ်ဦးစီးမှူးနှင့်  တက်ရောက်လာသည့် ဌာနဆိုင်ရာများက မိမိတို့ကဏ္ဍအလိုက် ကြိုတင်ဆောင်ရွက်ထားရှိမှုများအား ဆွေးနွေးတင်ပြခဲ့ကြသည်။ ဆက်လက်၍  ပြည်နယ်အစိုးရအဖွဲ့ဝင်များက ထပ်မံဖြည့်စွက်  ဆွေးနွေးခဲ့ကြပြီး ပြည်နယ် ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)