ကျောက်ပန်းတောင်း၊ ဒီဇင်ဘာ ၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ကောင်းမွန်တိုးဂိတ်အနီးရှိ ယာယီစစ်ဆေးရေးစခန်းမှ နေ၍ မြို့နယ်အတွင်းဝင် ရောက်မည့် ကုန်တင်ယာဉ်များမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကို ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ RDT Test Kit ဖြင့် စစ်ဆေးလျှက်ရှိရာ၊ ဒီဇင်ဘာ(၇)ရက်နေ့ က အုတ်သယ်ကား ယာဉ်မောင်း(၁)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်းသိရသည်။
ကျောက်ဆည်မြို့နယ်မှ ကျောက်ပန်းတောင်းမြို့နယ် အမြှောင်ကန်ကျေးရွာအုပ်စု၊ အမြှောင်ကန်ကျေးရွာသို့ အုတ်ချပြီး ပြန်လည်ထွက်ခွာမည့် အုတ်သယ်ယာဉ်မှ ယာဉ်မောင်းတွင် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ပြီးသည်။ အဆိုပါ ပိုးတွေ့လူနာမှာ တငါ့ကန်ကျေးရွာအုပ်စု၊ ရွာတန်းရှည်ကျေးရွာတွင် နေထိုင်သူဖြစ်ကြောင်း သိရပြီး ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ဆေးကုသခံယူစေလျက်ရှိကြောင်း သိရသည်။ ၎င်း အုတ်သယ်ယာဉ်မှ ယာဉ်နောက်လိုက်ဖြစ်သူနှင့် အခြားထိတွေ့ဆက်စပ်မှုရှိခဲ့သူများအား အစိုးရစက်မှု လက်မှုသိပ္ပံကျောင်း Quarantine Center သို့ ပို့ဆောင်ထားရှိသွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေး ပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။
နေအောင်(ပြန်/ဆက်)