နောင်ချို ဒီဇင်ဘာ ၈
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့၊ မြို့မစျေးနှင့် လူစည်ကားရာနေရာ များတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ယနေ့နံနက် (၈)နာရီအချိန်က ၂၀၂၀ပြည့်နှစ်၊ နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေခဲ့ကြသည်။
အဆိုပါ အမျိုးသားအောင်ပွဲနေ့လက်ကမ်းစာစောင်တွင် နှစ်တစ်ရာပြည့်အမျိုးသား အောင်ပွဲနေ့ ဦးတည်ချက်များ၊ အမျိုးသား အောင်ပွဲနေ့ သမိုင်းကြောင်း၊ (၉၉)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ ပေးပို့သည့် သဝဏ်လွှာမှ ကောက်နုတ် ချက်ဖြစ်သည့် ဒီမိုကရေစီဖယ်ဒရယ် ပြည်ထောင်စု၊ ပညာရေး မြှင့်တင်မှုများ၊ ဗြိတိသျှတို့ပြဋ္ဌာန်းသော ကျွန်ပညာရေးစနစ်၊ စာရေးဆရာ မြင်းမူမောင်နိုင်မိုးရေးသားသည့် အမျိုးသားအောင်ပွဲနေ့ သန္နိဌာန် ကဗျာ၊ စသည့် ဗဟုသုတဆိုင်ရာများ ပါဝင်သည့် အမျိုးသားအောင်ပွဲနေ့ လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။
ထွေးငယ်(နောင်ချို-ပြန်/ဆက်)