ကယားပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင် မြို့သန့်ရှင်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်မှုများ ကြည့်ရှုစစ်ဆေး

လွိုင်ကော်      မတ်    ၁၆

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများအား အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ လွိုင်ကော်မြို့ပေါ် ရပ်ကွက်များအတွင်း သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှု၊ ဌာနဆိုင်ရာရုံးများနှင့် ဝန်ထမ်းအိမ်ရာများ ပြုပြင်ဆောင်ရွက်မှုနှင့် မြို့ရေပေးဝေရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် လွိုင်ကော်မြို့ပေါ် ပြည်သူများပြန်လည်ဝင်ရောက် အခြေချနေထိုင်လျက်ရှိသည့် နောင်ယား(က)နှင့် နောင်ယား()ရပ်ကွက်များအတွင်း မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပရေးနှင့် မီးဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်ကွက်နေပြည်သူများက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ပေးနေမှုအား ကြည့်ရှုအားပေးသည်။ ထို့နောက် နောင်ယား()ရပ်ကွက်ရှိ ပြည်နယ်သစ်တောဦးစီးဌာနရုံး ()ခန်းတွဲ()ထပ် ဝန်ထမ်းအိမ်ရာနှင့် ပြည်နယ်ရုံးဧည့်ရိပ်သာပြန်လည်ပြုပြင်ပြီးစီးမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးရာ ပြည်နယ်သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးက လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ အဆိုပါဝင်းအတွင်းရှိ ကန္ဒရဝတီသစ်တောပျိုးဥယျာဉ်၌ ယခုလာမည့် မိုးရာသီကာလတွင် စိုက်ပျိုးနိုင်ရန် ပြုစုပျိုးထောင်ထားသည့် ကျွန်း၊ မန်ဂျန်ရှား၊ ဝါး၊ မဟော်ဂနီ၊ စိန်ပန်းနီ၊ စိန်ပန်းပြာ၊ ခရေစသည့် ပျိုးပင် (၅၀၀၀၀)စိုက်ပျိုးထားမှုအား ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးချုပ်က ယမန်နှစ်က ပျိုးထောင်ခဲ့သည့်  ဝါးပျိုးပင်များ ပျက်စီးမှုမရှိစေရေး ပျိုးအိတ်အကြီးဖြင့် အသစ်လဲလှယ်ပေးရန်နှင့် ယခုနှစ် မိုးရာသီကာလတွင် စိုက်ပျိုးနိုင်သည့်နေရာအနှံ့ စိုက်ပျိုးနိုင်ရေးလိုအပ်သည်များ ကြိုတင်ပြင်ဆင်စီမံဆောင်ရွက်ထားရှိရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရုံးသို့ရောက်ရှိကာ ပြည်နယ်ဦးစီးမှူးရုံးနှင့် ()ခန်းတွဲတစ်ထပ် ဝန်ထမ်းအိမ်ရာ ပြန်လည်ပြုပြင်ပြီးစီးမှုအခြေအနေများ၊ မိုးလေဝသတိုင်းထွာရေးစခန်းရုံး ထိခိုက်ပျက်စီးခဲ့မှုများအား ကြည့်ရှုစစ်ဆေးပြီး တိုင်းထွာရေးစက်များအား သက်ဆိုင်ရာအင်ဂျင်နီယာများဖြင့် ပြန်လည်ပြုပြင်၍ အသုံးပြုနိုင်ရန် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

ယင်းနောက် လွိုင်ကော်မြို့ပေါ် ရပ်ကွက်များသို့ အဓိကရေဖြန့်ဝေပေးလျက်ရှိသည့် မိုင်းလုံးရပ်ကွက်ရှိ စည်ပင်သာယာရေးအဖွဲ့ အမှတ်()ရေစက်ရုံသို့ရောက်ရှိကာ စက်ရုံအတွင်း ရေမော်တာများ၊ မီးလိုင်းများ၊ ရေပိုက်လိုင်းများ တပ်ဆင်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဒေါတမ၊ လောဓမ္မ၊ အောင်သီဟနှင့် နမ့်ဘော်ဝမ်()ရပ်ကွက်နေ ပြည်သူများရေလုံလောက်စွာ အသုံးပြုနိုင်ရန်အတွက် ရေစုကန်များမှ ရေတင်စနစ်ဖြင့်ပေးဝေရန် ရေတင်စင်()ခု တည်ဆောက်ရေး လုပ်ငန်းခွင်များသို့ သွားရောက်ကာ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ၊ ရေစစ်ကန်များလည်ပတ်မှု၊ ရေစုကန်များ ရေသိုလှောင်နိုင်မှု၊ ကြံ့ခိုင်မှုအခြေအနေများအား ကြည့်ရှုစစ်ဆေးသည်။  သက်ဆိုင်ရာဌာန တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ သတ်မှတ်ကာလပြီးစီးရေး ကြပ်မတ်ဆောင်ရွက်ရန်နှင့် ရေခွန်များကိုလည်း အပြည့်အဝကောက်ခံရရှိရေး အလေးထား ဆောင်ရွက်ရန် တာဝန်ရှိသူများအားမှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

လွိုင်ကော်မြို့ပေါ် ပြည်သူများရေလုံလောက်စွာအသုံးပြုနိုင်ရန်အတွက် ရေဖြန့်ဝေပေးမှုအနေဖြင့် ရေစက်ရုံ()ရုံမှ နေ့စဉ်ရေဂါလန် (၁၀)သိန်းကျော် ဖြန့်ဝေပေးလျက်ရှိရာမှ ယခု ဆောင်ရွက်လျက်ရှိသည့် ရေပေးရေးစက်ရုံများပြုပြင်တည်ဆောက်ပြီးပါက နေ့စဉ်ရေဂါလန် (၂၁)သိန်းကျော် ဖြန့်ဝေပေးနိုင်မည်ဖြစ်ကြောင်းသိရသည်။

သုတ (ပြန်ဆက်)