ပင်လုံ ဒီဇင်ဘာ ၈
လွိုင်လင်မြို့နယ်၊ ပင်လုံမြို့တွင် ၂၀၂၀ ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့ နံနက်(၁၀)နာရီအချိန်က လူစည်ကားရာနေရာများတွင် အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် ၂၀၂၀ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ (၉၉)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ ပေးပို့သည့် သဝဏ်လွှာမှ ကောက်နုတ်ချက်ဖြစ်သည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု၊ ရန်ကုန် ယူနီဗာစီတီအက် ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆို အဓိဋ္ဌာန်ပြုကြသော ကျောင်းသားကြီး (၁၁)ဦး အမည်ဖော်ပြ ချက်၊ ၁၆-၁၀-၂၀၁၉ ရက်တွင် တက္ကသိုလ်များ ဖွံ့ဖြိုးတိုးတက်မှု နှီးနှောဖလှယ်ပွဲ၌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့် မိန့်ခွန်းမှ ကောက်နုတ်ချက်ဖြစ်သည့် ပညာရေးမြှင့်တင်မှု၊ ဗြိတိသျှတို့ပြဋ္ဌာန်း သော ကျွန်ပညာရေးဥပဒေ၊ အမျိုးသားအောင်ပွဲနေ့ သမိုင်းကြောင်း၊ မြင်းမူမောင်နိုင်မိုးရေးသားစပ်သီကုံးသည့် အမျိုးသားနေ့ သန္နိဋ္ဌာန် ကဗျာ၊ အထိမ်းအမှတ်ဆောင်ပုဒ်များ ပါဝင်သည့် လက်ကမ်း စာစောင်(၂၂၅)စောင်ကို လူစည်ကားရာ ပင်လုံမြို့မဈေး၊ ကားဂိတ်များ၊ ဆိုင်ကယ်တက္ကစီဂိတ်များနှင့် ရပ်ကွက်များ၊ ဌာနဆိုင်ရာများသို့ အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။
နန်းမြင့်မြင့်ဆွေ (ပြန်/ဆက်၊ပင်လုံ)