ရေဖြူ ဒီဇင်ဘာ ၈
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ပိုးတွေ့လူနာ သုံးဦးသည် ကျန်းမာရေးကောင်းမွန်ပြီဖြစ်၍ နိုဝင်ဘာ ၆ ရက်နေ့က ဆေးရုံမှ ဆင်းခွင့်ပြုပြီဖြစ်ကြောင်း ရေဖြူမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ ဆေးရုံဆင်းခွင့်ရရှိသည့် ပိုးတွေ့လူနာများမှာ ထိန်ကြီးကျေးရွာ၊ပိန်းရှောင်ကျေးရွာနှင့် ရငဲကျေးရွာတို့က အမျိုးသားများ ဖြစ်ကြပြီး ၎င်းတို့ကို ပုဂေါဇွန်းကျေးရွာ၊ ဇဗ္မူအရိပ်နာရေးကူညီမှု အသင်း မော်တော်ယာဉ်ဖြင့် နေအိမ်အရောက် ပို့ဆောင်ပေးခဲ့ ကြောင်းသိရသည်။
ရေဖြူမြို့နယ်တွင် နိုဝင်ဘာ ၂၂ ရက်နေ့မှ ဒီဇင်ဘာ ၄ ရက်နေ့အထိ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၁၂ ဦးရှိခဲ့ပြီး ကျန်းမာရေးအခြေအနေ ကောင်းမွန်လာပြီဖြစ်၍ ဆေးရုံဆင်းခွင့်ရရှိသူစုစုပေါင်း (၇)ဦးထိ ရှိလာပြီဖြစ်ကြောင်း၊ ယခုလက်ရှိ ထားဝယ်မြို့ သီတဂူဆေးရုံတွင် (၂)ဦး၊ ရေဖြူမြို့ မီးသတ် ဝန်ထမ်းအိမ်ရာ အထူးကြပ်မတ်ကုသဆောင်တွင် (၃) ဦး စုစုပေါင်း (၅)ဦးကို ကျန်းမာရေး စောင့်ရှောက်မှု ပေးလျက်ရှိကြောင်းသိရသည်။
ရေဖြူ