မိုင်းကိုင်မြို့နယ်၌ နှာခေါင်းစည်းတပ်ဆင်ရေး Mask Campaign ဆောင်ရွက်

မိုင်းကိုင်          ဒီဇင်ဘာ      

ရှမ်းပြည်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်၌  ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကာကွယ်ကုသရေး အထူးဂရုပြု ဆောင်ရွက်လျက်ရှိပြီး အိမ်အပြင်ထွက်တိုင်း နှာခေါင်းစည်းများ  တပ်ဆင်ရေးကို လှုံ့ဆော်သည့် အနေဖြင့်    မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ် ကုသရေးကော်မတီနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့က ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီက  အမှတ်()ရပ်ကွက်ရုံးရှေ့၌  Mask Campaign တစ်ရပ် ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။

အဆိုပါကွင်းဆင်းမှုတွင်  မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ကုသရေး ကော်မတီ ဥက္ကဋ္ဌ၊  မြို့နယ်အုပ်ချုပ်ရေးမှူး  ဦးရဲထွန်းအောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး  ဒေါက်တာစိုင်းထွန်းလှိုင်းနှင့် ဝန်ထမ်းများက လမ်းသွားလမ်းလာများအား  နှာခေါင်းစည်း(၁၀၀၀)ခု နှင့်  မျက်နှာကာ(၂၀၀)ခု တို့ကို အခမဲ့ ဖြန့်ဝေပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကာကွယ်ရေး အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။ 

နန်းလှိုင်လှိုင်ဦး(မိုင်းကိုင်)