ပြင်စလူမြို့တွင် ၂၀၂၀ပြည့်နှစ်၊ နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များ ဖြန့်ဝေ

ပြင်စလူ  ဒီဇင်ဘာ  ၈

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့တွင် ၂၀၂၀ပြည့်နှစ်၊ ဒီဇင်ဘာ(၉)ရက်နေ့တွင် ကျရောက်မည့် နှစ်(၁၀၀)ပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်အတွဲ(၄) အမှတ်(၇)ကို ပြင်စလူမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ရေး ဦးစီးဌာနမှ ဝန်ထမ်းများက ရပ်ကွက်များအတွင်းရှိ စျေးဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ၊ ခရီးသွားပြည်သူများနှင့် သင်္ဘောဆိပ်တို့တွင် လိုက်လံဖြန့်ဝေခဲ့​ကြောင်း သိရသည်။

အဆိုပါ သတင်းစကား လက်ကမ်းစာစောင်တွင် (၉၉)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ ပေးပို့သည့် သဝဏ်လွှာမှ ကောက်နုတ်ချက်၊ (၁၆-၁၀-၂၀၁၉) ရက်နေ့တွင် တက္ကသိုလ်များ ဖွံ့ဖြိုးတိုးတက်မှု နှီးနှောဖလှယ်ပွဲ၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့် မိန့်ခွန်းမှကောက်နုတ်ချက်၊ ၂၀၂၀ပြည့်နှစ်၊ နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ ဗြိတိသျှတို့ပြဌာန်းသော ကျွန်ပညာရေးဥပဒေ၊ အမျိုးသားအောင်ပွဲနေ့ သမိုင်းအကြောင်း၊ အမျိုးသားအောင်ပွဲနေ့ သန္ဓိဋ္ဌာန် ကဗျာကာတွန်းများ ပါရှိကြောင်း သိရသည်။

ဇင်ဖြိုးသူ(ပြန်/ဆက်)