မင်းတပ် ဒီဇင်ဘာ ၈
မင်းတပ်မြို့၌ ဆိုင်ကယ်ဦးထုပ်ဆောင်း၍ မောင်းနှင်ခြင်းမရှိသူများအား အရေးယူခြင်းကို ယနေ့ နံနက် ၉ နာရီတွင် မြန်မာနိုင်ငံ ယာဉ်ထိန်းတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့တို့ ပူးပေါင်း၍ စံပြရပ်ကွက် မြို့မစျေးရှေ့ မင်းတပ်-မတူပီ ကားလမ်းမပေါ်တွင် ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ဆိုင်ကယ်ဦးထုပ်ဆောင်း၍ မောင်းနှင်ခြင်းမရှိသူများအား ဖမ်းဆီးအရေးယူခြင်းနှင့် ဆိုင်ကယ် မောင်းနှင်သူများအနေဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်အညီ မောင်းနှင်ကြရန်၊ ယခုကာလသည် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း၊ မလိုအပ်ဘဲ အပြင်ထွက်ခြင်း မပြုလုပ်ကြရန်၊ လုပ်ငန်းကိစ္စများကြောင့် မဖြစ်မနေသွားလာရာတွင်လည်း ဆိုင်ကယ်ဦးထုပ်ဆောင်းရန်၊ နှာခေါင်းစည်းများတပ်ဆင်ကြရန်၊ ပညာပေးကာလအနေဖြင့် ကြိုတင်အသိပေးနှိုးဆော်ထားပြီးဖြစ်ကြောင်း၊ ယခုအချိန်ကာလသည် ဖမ်းဆီးအရေးယူသည့် ကာလဖြစ်ကြောင်း သိရသည်။
ခွီရှိန်းမောင်း(မင်းတပ်)