ဖျာပုံ ဒီဇင်ဘာ ၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင် အတွဲ(၄) အမှတ်(၇)ကို ဖျာပုံမြို့နယ် မြောက်ပိုင်စျေး၌ ယနေ့နံနက် (၉)နာရီခွဲက ဖြန့်ဝေခဲ့ကြသည်။
အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် ၂၀၂၀ ပြည့်နှစ်၊ နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ (၉၉)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ ပေးပို့သည့် သဝဏ်လွှာကောက်နုတ်ချက် ဖြစ်သည့် ဒီမိုကရေစီ ဖယ်ဒရယ်ပြည်ထောင်စု၊ ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆို အဓိဌာန်ပြုကြသော ကျောင်းသားကြီး(၁၁)ဦး အမည်ဖော်ပြချက်၊ (၁၆-၁၀-၂၀၁၉) ရက်နေ့တွင် တက္ကသိုလ်များ ဖွံ့ဖြိုးတိုးတက်မှု နှီးနှောဖလှယ်ပွဲ၌နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့်မိန့်ခွန်းမှ ကောက်နုတ်ချက်ဖြစ်သည့် ပညာရေးဥပဒေ၊ အမျိုးသားအောင်ပွဲနေ့ သမိုင်းကြောင်း၊ မြင်းမူမောင်နိုင်မိုး ရေးစပ်သီကုံးသည့် အမျိုးသားအောင်ပွဲနေ့ သန္နိဌာန်ကဗျာဖော်ပြချက်များ၊ အထိမ်းအမှတ်ဆောင်ပုဒ်များပါဝင်သည့် သတင်းစကားလက်ကမ်း စာစောင်(၂၅၀) စောင်ကို ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ခရိုင်ဦးစီးအရာရှိ ဦးဝင်းရှိန်၊ ဒုတိယဦးစီးမှူး ဒေါ်မာမာလွင်နှင့် ဝန်ထမ်းများသည် ဖျာပုံမြို့နယ် မြောက်ပိုင်းစျေးအတွင်းရှိ စျေးရောင်း၊ စျေးဝယ်ကြသူများအား အခမဲ့ဖြန့်ဝေပေးခဲ့ကြကြောင်း သိရှိရသည်။
အောင်ဝင်းနိုင် (ခရိုင်ပြန်/ဆက်)