ဝမ်းတွင် ဒီဇင်ဘာ ၈
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် လုံခြုံရေး စစ်ဆေးခြင်းလုပ်ငန်း များကို စစ်ဆေးရေးဂိတ်များဖြင့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များမှ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။
ဝမ်းတွင်းမြို့နယ် စစ်ဆေးရေးဂိတ်အနေဖြင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်ချက်များ နှင့်အညီ ယာဉ်ကြီး ယာဉ်ငယ်၊ ခရီးသွားပြည်သူများကို ကျန်းမာရေးထောက်ခံစာ(ပါ/မပါ) စစ်ဆေး ခြင်းနှင့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား RDT Test Kit ဖြင့် စစ်ဆေး၍ ကိုဗစ်-၁၉ ရောဂါပိုး(မရှိ)သည့် အထောက်အထားပြသနိုင်မှသာ ဖြတ်သန်းသွားလာ ခွင့်ပြု ခြင်းဖြစ်ကြောင်း သိရသည်။
ဝမ်းတွင်းမြို့နယ်အနေဖြင့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ထိန်းချုပ်သည့် ကာလအတွင်း မြို့နယ် အတွင်း ဝင်ထွက်သွားလာနေသော ယာဉ်ကြီး ယာဉ်ငယ်၊ ခရီးသွားပြည်သူများအနေဖြင့် (၇၂)နာရီ အတွင်းစစ်ဆေးထားသော ရောဂါပိုး(မရှိ) (RDT) Test Kit အထောက်အထားနှင့် လိုအပ်သော ထောက်ခံချက်များ ပြသနိုင်ခြင်း မရှိလျင် ဖြတ်သန်းသွားလာခွင့် မပြုရန် မြို့နယ်စီမံခန့်ခွဲမှု ကော်မတီကညွှန်ကြားထားကြောင်းသိရသည်။
ဌေးလှိုင်