မဘိမ်း ဖေဖော်ဝါရီ ၂၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဒေသခံပြည်သူများ စာဖတ်ရှိန်တိုးတက်စေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းများကို ကျင်းပပေးလျက်ရှိရာ ယမန်နေ့ နံနက် ၁၁ နာရီအချိန်က အဆိုပါ ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)၌ စာရေးဆရာဖေမြင့်၏ “တန်ဖိုးထားအပ်သောအရာများ” စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပခဲ့သည်။
စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမျိုးမင်းက စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် ရရှိလာသော အကျိုးကျေးဇူးများ အကြောင်းကို ရှင်းလင်းပြောကြားသည်။
ထို့နောက် စာဖတ်ဝိုင်းကို ဆက်လက်ကျင်းပပြလုပ်ရာ Book Club အဖွဲ့ဥက္ကဋ္ဌ ဦးသူရဇော်က “တန်ဖိုးထားအပ်သောအရာများ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်ဦးစီးမှူး ဦးမျိုးမင်းက “နေတတ်တဲ့လူ” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ဆွေးနွေးခဲ့ကြကာ စာအုပ်ပါအကြောင်းအ ရာများမှ အတုယူစရာများ၊ ကောင်းကျိုးများနှင့် မိမိတို့၏ ထင်မြင်ယူဆချက်များကို ပြန်လည်ဆွေး နွေးခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းသို့ Book Club အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း (၃၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ထိန်လင်းဦး(ပြန်/ဆက်)