ဓနုဖြူမြို့တွင် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားသည့် ကာလအတွင်း ပြည်သူများ ကျန်းမာကြံ့ခိုင်ပြီး ရောဂါ ကာကွယ်နိုင်ရေး အသိပညာပေး ပိုစတာချိတ်ဆွဲ

ဓနုဖြူ ဒီဇင်ဘာ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ ကိုဗစ်-၁၉ရောဂါ ကာလအတွင်း ပြည်သူများ ကျန်းမာကြံ့ခိုင်ပြီး ရောဂါကာကွယ်နိုင်ရေးအတွက် ကျန်းမာရေး အသိပညာပေး လှုံ့ဆော်ရေး ပိုစတာများကို ယမန်နေ့  မွန်းလွဲ ၄နာရီက မြို့အတွင်းရှိ လမ်းများတွင် ချိတ်ဆွဲခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း ပြည်သူများ ကျန်းမာကြံ့ခိုင်ပြီး ရောဂါကင်းဝေးစေရန် ရည်ရွယ်၍ ကျန်းမာရေး အသိပညာပေး လှုံ့ဆော်ရေးပိုစတာဖြစ်သည့် ကျေးရွာအဆုံး တစ်ပြည်လုံး ပြန်ပွားသိမြင် အားကစားအသွင် သက်ဝင်လှုပ်ရှား အားကစား၊ ရောဂါကင်းလို့၊ ကျန်းမာဖို့ နေ့စဉ်လမ်းလျှောက်ကြပါစို့၊ ကိုယ်ခံစွမ်းအားမြင့်တက်ရန် အားကစားအခြေခံ၊ ကြီးငယ်မဟူ စိတ်ရည်တူ သက်ဝင်လှုပ်ရှား လူထုအားကစားစသည့် ကျန်းမာရေး အသိပညာပေး လှုံ့ဆော်ရေး ပိုစတာများ ချိတ်ဆွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထက်ဝေဖြိုး(ပြန်/ဆက်)