ဒေးဒရဲမြို့၌ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ဒေးဒရဲ  ဒီဇင်ဘာ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးခန်း၌ မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ နာရီက ကျင်းပခဲ့သည်။

အစည်းအဝေးတွင် ဒေးဒရဲမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဉက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထက်မြက်အောင်က ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ဧရာဝတီတိုင်းဒေသကြီး Coronavirus Disease 2019(COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီတို့မှ ထုတ်ပြန် ထားသော ညွန်ကြားချက်များကို ရှင်းလင်း ပြောကြားခဲ့ပြီး မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး အထောက်အကူပြု ကော်မတီဥက္ကဋ္ဌ ဦးမြင့်ဦးက FQ စခန်းများတွင် ဝင်ရောက်လျက်ရှိသည့် လူဦးရေများပြားပြီး လုံခြုံရေး အားနည်းမှုအခြေအနေနှင့် ဈေးများတွင် သတ်မှတ်ထားသည့် ညွှန်ကြားချက်များ နှင့်အညီ လိုက်နာ ဆောင်ရွက်မှု အားနည်းလာခြင်းအပေါ် ပိုမိုကြပ်မတ်စေနိုင်ရေး ကိစ္စရပ်များအား ဆွေးနွေး ပြောကြားခဲ့သည်။

ဆက်လက်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထက်မြက်အောင်က ကော်မတီဝင်များအား FQ စခန်းများ၊ ယာယီဆေးရုံများ၊ ဈေးများ၊ တံတားစစ်ဆေးရေးဂိတ်၊ ကုန်တင်ကုန်ချစခန်းများ၊ အသိပညာပေး လှုံ့ဆော် ပြန်ကြားရေးနှင့် လုံခြုံရေး ကဏ္ဍများအလိုက် တာဝန်များခွဲဝေပေးခဲ့ရာ အစည်းအဝေးသို့ တက်ရောက် လာကြသူများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ပြန်လည်ဆွေးနွေး ပြောကြားခဲ့ကြကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးသို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းလွင်၊ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထက်မြက်အောင်နှင့် ကော်မတီဝင်များ၊ မြို့နယ်အဆင့် ကိုဗစ်-၁၉ ကော်မတီဥက္ကဋ္ဌ ဦးမြင့်ဦးတို့ တက်ရောက် ခဲ့ကြကြောင်း သိရသည်။

မြင့်မြင့်ခိုင်(ပြန်/ဆက်)