ဟားခါး၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ကျန်းမာရေးဆိုင်ရာ အသုံးအဆောင်ပစ္စည်းများလှူဒါန်း

ဟားခါး   ဒီဇင်ဘာ    ၈

ချင်းပြည်နယ်အတွင်း  ကိုဗစ်-၁၉ ​ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ၌ အသုံးပြုနိုင်ရန်အတွက် ကျန်းမာရေးဆိုင်ရာ အသုံးအဆောင်ပစ္စည်းများ လှူဒါန်းခြင်းကို ယနေ့နံနက်တွင် ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ လှူဒါန်းပေးအပ်ရာတွင် မျက်မှန်(Goggle)(၃၀၀)ခု၊ လက်သန့် ဆေးရည်(၅၀၀)ဗူး၊ Mask နှင့် Face Shield (၃၀၀)ဗူး၊ကျန်းမာရေးတွင် အသုံးပြုသည့် ဝတ်စုံ(Gown) (၁၀၀)ခု၊ ကျန်းမာရေးတွင် အသုံးပြုသည့် ရင်ကာဝတ်စုံ (Apron)(၁၀၀)ခုနှင့် ကျန်းမာရေးသုံး လက်အိတ်(Surgical Glove)(၃၄၀၀)ဗူးတို့ကို ချင်းပြည်နယ်အတွင်း ကိုဗစ်-၁၉​ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ကုသရေးလုပ်ငန်းများ၌ အသုံးပြုနိုင်ရန် အတွက် United Nations Development Programme (UNDP)အဖွဲ့က ပေးအပ်လှူဒါန်းခဲ့ရာ ချင်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်း လွှာ ပြန်လည် ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကာလအတွင်း ချင်းပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ၌ အသုံးပြုနိုင် ရန်အတွက် အလှူရှင်များအနေဖြင့် အလှူငွေများနှင့်ကျန်းမာရေးအသုံးအဆောင်ပစ္စည်းများ ထည့်ဝင် လှူဒါန်းနိုင်ကြောင်း သိရသည်။

အောင်ခွီရှိန်း(ပြန်/ဆက်)