လိုင်လင်းပီ ဒီဇင်ဘာ ၈
ချင်းပြည်နယ်၊ မတူပီခရိုင်၊ လိုင်လင်းပီမြို့၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများမှ ၂၀၂၀ ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက် ၁၁ နာရီအချိန် လူစည်ကားရာ နေရာများဖြစ်သည့် ဈေးဆိုင်များ၊ လမ်းဆုံများတို့တွင် ပြည်သူများ လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များတွင် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု၊ ရန်ကုယူနီဗာစီတီ အက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဌာန်ပြုကြသော ကျောင်းသားကြီး(၁၁)ဦး၏ အမည်များ၊ ပညာရေး မြှင့်တင်မှု၊ ဗြိတိသျှတို့ ပြဌာန်းသော ကျွန်ပညာရေးဥပဒေ၊ အမျိုးသား အောင်ပွဲနေ့ သမိုင်းကျောင်း၊ ၂၀၂၀ ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ အမျိုးသား အောင်ပွဲနေ့ သနိ္နဌာန် ကဗျာနှင့် ကာတွန်းများ ပါရှိကြောင်း သိရသည်။
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ခံ၍ ၂၀၂၀ ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင် အစောင်ရေ (၁၀၀၀၀၀) ထုတ်ဝေပြီး တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်နှင့် မြို့နယ် အသီးသီးတွင် အခမဲ့ဖြန့်ဝေပေးကြောင်း သိရသည်။
ဆလိုင်းနိုင်းခွီရှိန်း(ပြန်/ဆက်)