ကျိုင်းတုံ ဒီဇင်ဘာ ၈
၂၀၂၀ပြည့်နှစ်၊ နှစ်(၁၀၀)ပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ဆွေးနွေးခြင်းကို ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre) လူထုအခြေပြုဗဟိုဌာန၌ ယနေ့ နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။
အဆိုပါဆွေးနွေးပွဲကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် မြို့နယ်စာပေ ချစ်မြတ်နိုးသူများ အသင်းတို့ ပူးပေါင်း၍ ပြည်သူများ၊ ကျောင်းသားကျောင်းသူများနှင့် လူငယ် လူရွယ်များအနေဖြင့် အမျိုးသား အောင်ပွဲနေ့သမိုင်းကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်နှင့် အသိပညာ ဗဟုသုသတများ ရရှိစေရန် ရည်ရွယ်၍ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် Talk Show ဆွေးနွေးတင်ဆက်ပေးရခြင်းဖြစ်ကြောင်း ခရိုင် ပြန်/ဆက် ဦးစီးအရာရှိ ဦးရဲဝင်းထွန်းက ပြောကြားသည်။
ထို့နောက် အမျိုးသားအောင်ပွဲနေ့နှင့် ပတ်သက်၍ ခရိုင်ပြန်/ဆက် ဦးစီးအရာရှိ ဦးရဲဝင်းထွန်းနှင့် မြို့နယ် စာပေ ချစ်မြတ်နိုးသူများအသင်း ဉက္ကဋ္ဌ စာရေးဆရာဦးလှမြင့်တို့က အမျိုးသားအောင်ပွဲနေ့သမိုင်း ကြောင်းများကို မေးမြန်း ဆွေးနွေးတင်ဆက်ခဲ့ကြသည်။ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ် ကာလအတွင်း ပြည်သူများကို စာပေ အသိပညာဗဟုသုတများတိုးပွားစေရန် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ အခြားဌာန ဆိုင်ရာများ၊ စာပေချစ်မြတ်နိုး သူများ အသင်းတို့နှင့် ပူးပေါင်း၍ Online မှတစ်ဆင့် အသိပညာပေး Talk Show အစီအစဉ်များကို ရိုက်ကူးတင်ဆက် ပေးလျက်ရှိကြောင်း သိရသည်။
ရဲထက်ဦး(ပြန်/ဆက်)