ကျောင်းကုန်း ဒီဇင်ဘာ ၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ရာသက်ပန်ဆေးပဒေသာပင် ငွေကျပ်သိန်း(၁၀၀)စိုက်ထူပွဲကို ယနေ့နံနက် ၁၀ နာရီအချိန် အရေးပေါ်ဌာန၌ ကျင်းပခဲ့ သည်။
ကွယ်လွန်သူ သုဓမ္မမဏိဇောတဓရ လူမှုထူးချွန်(တတိယဆင့်)ရ ဖခင်ကြီး ဦးသိန်းမောင် (၇)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် မိခင်ကြီးဒေါ်တင်လှ(ရွှေလမင်း)မိသားစုမှ ရာသက်ပန် ဆေးပဒေသာပင် ငွေကျပ်သိန်း(၁၀၀)လှူဒါန်းရာ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအေးနိုင် ကလက်ခံရယူခဲ့ပြီး၊ ဆေးရုံအထောက်အကူပြုအဖွဲ့မှ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျောင်းကုန်းမြို့နယ် ပြည်သူ့ဆေးရုံတွင် ယနေ့အထိ ရာသက်ပန်ဆေးပဒေသာပင်ငွေပေါင်း(၅၆၈) သိန်းကျော်ရှိကြောင်း၊ အရေးပေါ် ဆေးဝါးများအပြင် ပုံမှန်ဆေးဝါးများမှ ပြတ်လပ်သွားသည့် ဆေးဝါးများ ဝယ်ယူကာ ထောက်ပံ့ပေးလျက်ရှိကြောင်း၊ ဆေးပဒေသာပင်အရင်းအား ထုတ်ယူ သုံးစွဲခြင်းမပြုပဲ၊ အတိုးငွေကိုသာ ထုတ်ယူထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ ၁၉၉၃ ခုနှစ် မတ်လ ၁၆ ရက်နေ့မှယနေ့အထိ လူနာများအတွက် (၁၉၈)သိန်းကျော် ဆေးဝါးထောက်ပံ့ပေးနိုင်ခဲ့ကြောင်း မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအေးနိုင်ကပြောသည်။
ဝင်းကြိုင်(ပြန်/ဆက်)