ဥတ္တရသီရိ ဒီဇင်ဘာ ၈
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ထုတ်ဝေသည့် ၂၀၂၀ ပြည့်နှစ် နှစ်(၁၀၀)ပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့ နံနက်ပိုင်းက ဥတ္တရသီရိမြို့နယ်၊ ဥတ္တရသီရိရပ်ကွက် ရွှေသဇင်ဈေးအတွင်းရှိ ဈေးရောင်း၊ ဈေးဝယ် ပြည်သူများအား ဥတ္တရခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသွားရောက်၍ အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အဆိုပါ သတင်းစကား လက်ကမ်းစာစောင်တွင် (၉၉) နှစ်မြောက်အမျိုးသား အောင်ပွဲနေ့အထိမ်းအမှတ်အခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ထံမှပေးပို့သည့် သဝဏ်လွှာမှ ကောက်နုတ်ချက်၊ ၁၆-၁၀-၂၀၁၉ ရက်တွင် တက္ကသိုလ်များ ဖွံ့ဖြိုးတိုးတက်မှု နှီးနှောဖလှယ်ပွဲ၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့် မိန့်ခွန်းမှ ကောက်နုတ်ချက်၊ ရန်ကုန်ယူနီဗာစတီအက်ဉပဒေကိုသပိတ်မှောက်ရန် သစ္စာဆို အဓိဋ္ဌာန်ပြုကြသော ကျောင်းသားကြီး(၁၁) ဦး ၏ အမည်များ၊ ဗြိတိသျှတို့ပြဋ္ဌာန်းသော ကျွန်ပညာရေး ဥပဒေများ၊ အမျိုးသားအောင်ပွဲနေ့ သမိုင်းကြောင်း၊ အမျိုးသား အောင်ပွဲနေ့ သန္နိဋ္ဌာန်ကဗျာနှင့် ၂၀၂၀ ပြည့်နှစ် ၊ နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ ပါဝင်၍ ပြည်သူများ အသိပညာ ဗဟုသုတရရှိစေရန်ရည်ရွယ်၍ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်၊၊
ကျော်စွာဟိန်း(ပြန်/ဆက်)