ဟိုပန် ဒီဇင်ဘာ ၈
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့တွင် ယနေ့နံနက် ၁၁ နာရီအချိန်က ဟိုပန်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက ၂၀၂၀ပြည့်နှစ်၊ နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များကို ဟိုပန်မြို့မဈေးရှိဈေးသည်များနှင့် လမ်းသွားလမ်းလာပြည်သူများကို ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ဖြန့်ဝေပေးခဲ့ ကြောင်း သိရှိရသည်။
အဆိုပါ နှစ်တစ်ရာပြည့်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် လက်ကမ်းစာစောင်ကို ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန၊ ရုံးချုပ်မှ ပုံနှိပ်ထုတ်ဝေခြင်းဖြစ်ပြီး စာစောင်ထဲတွင် အမျိုးသားအောင်ပွဲနေ့သမိုင်းကြောင်းများ၊ ဗြိတိသျှတို့၏ ကျွန်ပညာရေးဥပဒေ၊ အဆိုပါဉပဒေကို သပိတ်မှောက်ရန်သစ္စာဆို အဓိဋ္ဌာန်ပြုကြသည့်ကျောင်းသားကြီးများ၊ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုဖြစ်ပေါ်လာရေး (၉၉)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အခမ်းအနား သို့ နိုင်ငံတော် သမ္မတဦးဝင်းမြှင့်မှပေးပို့သည့် သဝဏ်လွှာကောက်နုတ်ချက်နှင့် တက္ကသိုလ်များ နှီးနှောဖလှယ်ပွဲ၌ ပြောကြားသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ မိန့်ခွန်းကောက်နုတ်ချက်များ၊ ၂၀၂၀ပြည့်နှစ်၊ နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ဦးတည်ချက်များ၊ ကဗျာ/ကာတွန်းနှင့် မှတ်တမ်းဓာတ်ပုံများပါဝင်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)