မိုင်းငေါ့မြို့တွင် ၂၀၂၀ ပြည့်နှစ် နှစ်တစ်ရာပြည့်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ

မိုင်းငေါ့ ဒီဇင်ဘာ ၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် ၂၀၂၀ပြည့်နှစ် နှစ်တစ်ရာပြည့်အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင် အတွဲ(၄)၊အမှတ်(၇)ကို ယမန်နေ့ နံနက် နံနက်(၉)နာရီအချိန်ခန့်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၀န်ထမ်းများက ဌာနဆိုင်ရာများနှင့် ပြည်သူများထံသို့ ဖြန့်ဝေပေးခဲ့သည်။

အဆိုပါ ၂၀၂၀ပြည့်နှစ် နှစ်တစ်ရာပြည့်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် လက်ကမ်းစာ စောင်တွင် ရာပြည့်အမျိုးသား အောင်ပွဲနေ့မှသည် တိုင်းရင်းသားအားလုံး ပူးပေါင်းဆောင်ရွက်လို့ ပြည်ထောင်စုငြိမ်းချမ်းရေး တည်ဆောက်စို့၊၂၀၂၀ပြည့်နှစ် နှစ်တစ်ရာပြည့်အမျိုးသား အောင်ပွဲနေ့  ဦးတည်ချက်များ၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု၊ ပညာရေးမြှင့်တင်မှု၊ အမျိုးသား အောင်ပွဲနေ့သမိုင်းကြောင်း၊ ဗြိတိသျှတို့ ပြဋ္ဌာန်းသော ကျွန်ပညာရေး ဥပဒေ၊ ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆို အဓိဌာန်ပြုကြသော ကျောင်းသားကြီး(၁၁)ဦး၊ အမျိုးသားအောင်ပွဲနေ့ သန္နိဋ္ဌာန် စသည့် အကြောင်းအရာများကို ပြည်သူများ သိရှိနားလည်စေရန် ထည့်သွင်းဖော်ပြထားသော လက်ကမ်း စာစောင်ကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

မြင့်သွယ်(မိုင်းငေါ့ ပြန်/ဆက်)