မိုင်းခုတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်မပျက် နေ့စဉ်ဆောင်ရွက်

မိုင်းခုတ်     ဒီဇင်ဘာ     ၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ အဝင်/အထွက် ဂိတ်များတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ခရီးသွားပြည်သူများအား ကျန်းမာရေးစစ်ဆေးခြင်းနှင့် နှာခေါင်းစည်း Mask တပ်ဆင်သွားလာခြင်းရှိ/မရှိ စစ်ဆေးခြင်း လုပ်ငန်းများ နေ့စဉ် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

မြို့အဝင်/အထွက်ဂိတ် ဖြစ်သည့် မိုင်းဆတ်-မိုင်းခုတ်-ကျိုင်းတုံကားလမ်းမှ ယမန်နေ့က ဖြတ်သန်းသွားလာသော ဆိုင်ကယ်များနှင့် မော်တော် ယာဉ်(၉)စီးမှ ခရီးသည်(၄၈)ဦးအား ကိုယ်အပူချိန် တိုင်းတာ စစ်ဆေးခြင်း၊ ခရီးသွားရာဇဝင် မှတ်သားခြင်း၊ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ ထောက်ခံချက် များစစ်ဆေးခြင်း၊ လက်သန့်ဆေးရေဖြင့် လက်သန့်စင်စေခြင်းနှင့် mask မပါရှိသူများအား mask အခမဲ့ဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ခြင်းကို ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကျန်းမာရေး ဌာနတို့ ပူးပေါင်း၍ နေ့စဉ် နံနက်(၆)နာရီမှ ည(၆)နာရီထိ အလှည့်ကျ တာဝန်ချစနစ်ဖြင့် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

စိုးတင့် (ပြန်/ဆက်)