ကယားပြည်နယ်ဝန်ကြီးချုပ် ယာယီနေရပ်စွန့်ခွာ၍ ပြန်လည်ဝင်ရောက်နေထိုင်သူများအား စားသောက်ကုန်များ ပေးအပ်ခြင်းအခမ်းအနားတက်ရောက်

လွိုင်ကော် မတ် ၂၀

ကယားပြည်နယ်အတွင်း ယာယီနေရပ်စွန့်ခွာနေထိုင်ရာမှ လွိုင်ကော်မြို့သို့ ပြန်လည်ရောက်ရှိနေထိုင်သူများအား စားသောက်ကုန်များပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်က ပြည်နယ်ခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ရေဘေးသင့် ပြည်သူများနှင့် တိုက်ပွဲကြောင့်နေရပ်စွန့်ခွာ၍ ပြန်လည်ဝင်ရောက်နေထိုင်ကြသူ ပြည်သူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာ၌ ပြန်လည်ဝင်ရောက်နေထိုင်ကြသည့် ပြည်သူများကို ပြည်နယ်အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များက စနစ်တကျစိစစ်လက်ခံ၍ နေချထားပေးလက်ရှိပြီး ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ်မီးနှင့် ရေရရှိရေး၊ သန့်ရှင်းသာယာလှပရေးနှင့် လုံခြုံရေးကိစ္စများအတွက် စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဒေသဖွံ့ဖြိုးရေးအတွက် ပြည်နယ်အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများနှင့်အတူ ဟန်ချက်ညီညီ လက်တွဲပူးပေါင်း ပါဝင်ကူညီပေးကြရန် တိုက်တွန်းပြောကြားလိုကြောင်း စသည်ဖြင့်ပြောကြား ခဲ့သည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဒေါနိုကူးရပ်ကွက် နှင့် ဒေါဥခူရပ်ကွက်ရှိ ပြန်လည် ဝင်ရောက်နေထိုင်ကြသည့် ပြည်သူများကိုလည်းကောင်း၊ ဒေသကွပ်ကဲရေးမှူးနှင့် ပြည်နယ် တရားသူကြီးချုပ်တို့က နမ့်ကွတ်နှင့် မင်းစုရပ်ကွက်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက နောင်ယား(က) နောင်ယား() နာနတ်တော၊ မိုင်းလုံး၊ ထေးသမ၊ ဒေါဥခူရပ်ကွက်များရှိ ပြန်လည်ဝင်ရောက် နေထိုင်သူပြည်သူများအတွက် စာသောက်ကုန်များအား အသီးသီးပေးအပ်သည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်သည် တက်ရောက်လာကြသည့် ရေဘေးသင့်နှင့် ရပ်ကွက်များအတွင်း ပြန်လည်ဝင်ရောက်နေထိုင်သူ ပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးစကားပြောကြာပြီး လိုအပ်သည့် ဖြည့်ဆည်းဆောင်ရွက်ပေးရန် တင်ပြမှုများအပေါ် ဆောင်ရွက်ပေးမည့် အခြေအနေများအား တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။ ယနေ့ ပေးအပ်ပွဲတွင် လွိုင်ကော်မြို့နယ်အတွင်းရှိ ဒေါနိုကူး၊ နမ့်ကွတ်၊ မင်းစု၊ ဒေါဥခူ၊ နာနတ်တော၊ မိုင်းလုံး၊ ထေးသမ၊ နောင်ယား(က) နောင်ယား() ရပ်ကွက်များရှိ ယာယီနေရပ်စွန့်ခွာ နေထိုင်ရာမှ လွိုင်ကော်မြို့သို့ ပြန်လည်ဝင်ရောက်နေထိုင်သူ စုစုပေါင်း (၁၅၃၈)ဦး တို့အတွက် ဆန်၊ ဆီ၊ ပဲ၊ ငါးခြောက်၊ ကုလားပဲနှင့် ခေါက်ဆွဲခြောက် စုစုပေါင်းတန်ဖိုး ကျပ်(၆၅၄)သိန်းကျော်အား ပေးအပ်ခဲ့ကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)