ရွာသစ်မြို့၌ တောင်သူများ၏ သီးနှံစိုက်ခင်းများ အထွက်နှုန်းကောင်းစေရန် နည်းပညာများ ဖြန့်ဝေ

ရွာသစ်          ဒီဇင်ဘာ ၈

ကယားပြည်နယ်၊ ရွာသစ်မြို့တွင် ဘောလခဲခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများ၏ သီးနှံ စိုက်ခင်းများအား အထွက်နှုန်းကောင်းစေရန် ရည်ရွယ်၍ စိုက်ခင်းများ ကွင်းဆင်းကြည့်ရှုခြင်းကို ယနေ့ နံနက်ပိုင်းက အဆိုပါ စိုက်ကွင်းများ၌ ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဘောလခဲခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်မန်နေဂျာ ဦးမာအီးနှင့် ဝန်ထမ်းများက တောင်သူများ၏ သီးနှံ စိုက်ခင်းများအား သီးနှံ အထွက်နှုန်း ကောင်းစေရန် တောင်သူများအား နည်းပညာဖြန့်ဝေပေးခြင်း၊ စိုက်ခင်းများအား ပိုးမွှား ကျရောက်မှု အန္တရာယ်မှ ကင်းဝေးစေရန်အတွက် စိုက်ပျိုးရေး အခက်အခဲရှိခဲ့လျှင် စိုက်ပျိုးရေး ဦးစီးဌာနသို့ ချိတ်ဆက် ဆောင် ရွက်၍ မေးမြန်းနိုင်ကြောင်း တောင်သူများထံ ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။

နန်းဆွေဆွေအေး(ပြန်/ဆက်)