တီးတိန် ဒီဇင်ဘာ ၈
ချင်းပြည်နယ်၊ တီးတိန်မြို့၌ စားသောက်ဆိုင်များနှင့်လက်ဖက်ရည်ဆိုင်များ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး စံသတ်မှတ်ချက် နှင့်အညီ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့က တီးတိန်မြို့နယ်အဆင့် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေး ကော်မတီအဖွဲ့မှ တာဝန်ရှိသူတို့က ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် လက်ဆေးကန်/လက်ဆေးရေ ထားရှိအသုံးပြုခြင်း၊ အပူချိန်တိုင်းကိရိယာအသုံးပြုခြင်း၊ နှာခေါင်းစည်း တပ်ဆင်ခြင်း၊ စားသုံးသူများ ခခွာခွာ စားသုံးစေခြင်းနှင့် စားပွဲအကာ အသုံးပြုခြင်းများကို စစ်ဆေးကာ စစ်ဆေးတွေ့ရှိ ချက်များအပေါ် ပြန်လည်သုံးသပ်ပြီး စံသတ်မှတ်ချက်နှင့် ကိုက်ညီသည့် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင် များအား ပြန်လည် ဖွင့်လှစ်နိုင်ရေး ဆက်လက်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ကိုဗစ် -၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေး ကော်မတီအဖွဲ့ထံမှ သိရသည်။
ပေါင်ကျင့်မုန်(ပြန်/ဆက်)